Red Velvet အဖွဲ့ဝင် Wendy ရဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတချို့ - Pop Channel

Red Velvet အဖွဲ့ဝင် Wendy ရဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတချို့

ယခုတစ်ခါမှာတော့ ချိုသာပြီးအားကောင်းတဲ့အသံကိုပိုင်ဆိုင်ထားတဲ့ Red Velvet အဖွဲ့ဝင် Wendy ရဲ့ အကြောင်းအရာတချို့ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

  • Wendy ရဲ့နာမည်အဓိပ္ပာယ်

Wendy ရဲ့ ကိုရီးယားနာမည်ကတော့ Son Seungwan ဖြစ်ပါတယ်။ Wendy ဆိုတဲ့ နာမည်ကိုတော့ သူ့ရဲ့အဖေဖြစ်သူကပေးခဲ့တာပါ။ Wendy ရဲ့ ဒီနာမည်လေးကတော့ “ကူညီတတ်တဲ့သူငယ်ချင်းတစ်ဦး” လို့အဓိပ္ပာယ်ရပြီး၊ Wendy ရဲ့အဖေဟာ သူ့ရဲ့သမီးကို လူတွေအပေါ်အကူအညီပေးနိုင်တဲ့လူတစ်ယောက်ဖြစ်လာစေရန်ရည်ရွယ်ချက်ဖြင့် Wendy ဆိုတဲ့နာမည်လေးကိုပေးခဲ့တာဖြစ်ပါတယ်။

  • ပညာရေးမှာလည်း ထူးချွန်တဲ့ Wendy

Wendy ဟာ သူငယ်စဉ်က U.S. နဲ့ Canada နိုင်ငံကို အကြိမ်ပေါင်းများစွာ ကူးချည်သန်းချည်ပြုလုပ်ခဲ့ရပေမယ့်လည်း ပညာရေးဘက်မှာမလစ်ဟင်းစေခဲ့ဘဲ အာရုံတစိုက်ကြိုးစားခဲ့တာကြောင့် ထူးချွန်တဲ့ကျောင်းသူတစ်ဦးဖြစ်ခဲ့ပါတယ်။ Wendy တစ်ယောက် Minnesota မှာနေထိုင်ခဲ့စဉ်တုန်းက သူအထက်အတန်းကျောင်းသားအရွယ်လောက်မှာ ကျောင်းသားဦးရေ ၁၆၀၀ လောက်ပါဝင်ယှဉ်ပြိုင်တဲ့ သင်္ချာပြိုင်ပွဲတစ်ခုမှာတောင် ပဉ္စမမြောက်နေရာကိုအရယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် Wendy ဟာ ၂၀၀၉ ခုနှစ်တုန်းကပြုလုပ်ခဲ့တဲ့ သမ္မတ Obama ရဲ့ President’s Education Award Program မှာ ပညာရည်ထူးချွန်ဆုကိုပါ ရရှိခဲ့ဖူးပါသေးတယ်။ ဒါတွေကိုကြည့်မယ်ဆိုရင် Wendy ဟာ တကယ်ကိုထက်မြက်ပြီးထူးချွန်တဲ့ Idol တစ်ယောက်ဖြစ်တယ်‌ဆိုတာ ငြင်းလို့မရနိုင်ပါဘူး။

  • အဆိုပညာမှာ အရည်အချင်းပြည့်ဝလွန်းတဲ့ Wendy

Wendy ဟာ ကျောင်းသားဘဝကတည်းက သူ့ရဲ့ချိုသာတဲ့အသံကြောင့် ဂီတဆုတော်တော်များများကိုရရှိခဲ့ဖူးပါတယ်။ ဒါကြောင့် Wendy ဟာ အဆိုတော်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် မွေးဖွားလာခဲ့တယ်လို့တောင်ပြောနိုင်ပါတယ်။ Wendy ဟာ သူနိုင်ငံခြားကိုသွားရောက်ပညာသင်ယူနေစဉ်အချိန်မှာလည်း သူကိုယ်တိုင်သီဆိုထားတဲ့ သီချင်း Video လေးတွေကို Online ပေါ်မှာအမြဲတင်ပေးလေ့ရှိပါတယ်။

  • Cube Entertainment ရဲ့ငြင်းပယ်ခြင်းကိုခံခဲ့ရဖူးတဲ့ Wendy

Wendy ပထမဦးဆုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ Audition ကတော့ ၂၀၁၁ ခုနှစ်တုန်းက Vancouver မှာကျင်းပတဲ့ Cube Entertainment ရဲ့ Global Audition ဖြစ်ပါတယ်။ Wendy ဟာ နောက်ဆုံးပြိုင်ပွဲဝင် ၁၄ ယောက်ထဲအထိပါဝင်နိုင်ခဲ့ပေမယ့်လည်း Cube Entertainment ကတော့ Wendy ကိုမရွေးချယ်ခဲ့ပါဘူး။ အဲ့ဒီနောက်မှာတော့ Wendy ဟာ ကံကောင်းစွာနဲ့ပဲ SM Entertainment ကိုရောက်ရှိလာခဲ့ပါတယ်။ Wendy ဟာ Toronto မှာကျင်းပတဲ့ SM Entertainment ရဲ့ Global Audition ကနေတဆင့် SME ကို Trainee တစ်ဦးအဖြစ်ရောက်ရှိလာနိုင်ခဲ့တာဖြစ်ပါတယ်။

  • Wendy အတွက် ခက်ခဲလွန်းခဲ့တဲ့ Training Time များ

Wendy ဟာ SM Entertainment မှာ ၁ နှစ်ခန့်သာ Training ဆင်းခဲ့ရပေမယ့်လည်း ထို ၁ နှစ်ဆိုတဲ့အချိန်ဟာ သူ့အတွက်မလွယ်ကူခဲ့ပါဘူး။ Wendy ဟာ ပွဲဦးမထွက်ခင်မှာ သူ့ရဲ့ခန္ဓာကိုယ်အလေးချိန်လျှော့ချနိုင်ဖို့နဲ့ပတ်သက်ပြီး စိတ်ဖိစီးမှုများစွာရှိခဲ့သလို ပြင်းထန်တဲ့ Diet တွေကိုလည်းပြုလုပ်ခဲ့ရပါတယ်။

Wendy ဟာ သူ့အမေ Canada ကနေပို့လိုက်တဲ့ Sugar-free cake ကိုအနည်းငယ်စားလိုက်ဖို့အတွက်တောင်မှ အခက်တွေ့နေခဲ့ပါသေးတယ်။ နောက်ဆုံးမှာတော့ Wendy ဟာ စိတ်ဖိစီးမှုတွေ အခက်အခဲတွေကြားထဲကနေပဲ ဝိတ်အလေးချိန် 15kg (၃၃ ပေါင်) အထိလျှော့ချနိုင်ခဲ့ပါတယ်။

  • သူ့ဘေးနားကလူတွေကို အမြဲကြင်ကြင်နာနာဆက်ဆံတတ်တဲ့ Wendy

Wendy ဟာ အဖွဲ့ဝင်တွေအပေါ်ကြင်ကြင်နာနာနဲ့ဂရုစိုက်တတ်ပြီး၊ သူ့ရဲ့နွေးထွေးတဲ့ ဆက်ဆံရေး‌တွေကြောင့် “Mother Wenresa” ဆိုတဲ့ Nickname ကိုတောင်ရရှိထားသူဖြစ်ပါတယ်။ ဒါ့အပြင် Wendy ဟာ သူ့ရဲ့ဘေးနားကသူတွေကိုလည်း ကိုယ့်ကိုယ်ကိုယုံကြည်ချက်တွေရှိလာအောင် ပြုလုပ်ပေးတတ်သေးတာကြောင့် လူတိုင်းရဲ့အချစ်ကိုလည်းခံရတဲ့ Idol တစ်ဦးဖြစ်ပါတယ်။

  • Wendy ရဲ့အမူအကျင့်

Wendy ဟာ အနေအေးတဲ့သူတစ်ယောက်လို့ထင်ရပေမယ့်လည်း သူတစ်ခါစကားစပြောလိုက်ပြီဆိုရင် တော်တော်နဲ့မရပ်တော့ပါဘူး။ Red Velvet အဖွဲ့ဝင်တွေထဲမှာဆိုရင်လည်း Wendy ဟာ ဟာသတွေပြောပြီး စကားများတတ်တဲ့သူတစ်ယောက်အဖြစ်သတ်မှတ်ခြင်းကိုခံထားရပါတယ်။ ဒီအချက်ကလည်း Wendy တစ်ယောက် လူတိုင်းရဲ့ချစ်ခင်ခြင်းကိုခံရတဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်အပါအဝင်ဖြစ်ပါတယ်။

Totoyo (Pop Channel)
Source: koreaboo