Online ကနေပစ္စည်းမှာယူရာမှာ အဆင်မပြေဖြစ်ခဲ့ရတဲ့ အကြောင်းကိုပြောပြခဲ့တဲ့ Red Velvet အဖွဲ့ဝင် Irene - Pop Channel

Online ကနေပစ္စည်းမှာယူရာမှာ အဆင်မပြေဖြစ်ခဲ့ရတဲ့ အကြောင်းကိုပြောပြခဲ့တဲ့ Red Velvet အဖွဲ့ဝင် Irene

Red Velvet အဖွဲ့ဝင် Irene ဟာ သူ Online ကနေပစ္စည်းမှာယူရမှာအဆင်မပြေဖြစ်ခဲ့ရတဲ့အကြောင်းကို Vogue TV မှာ ဖွင့်ဟပြောပြခဲ့ပြီး၊ Online ဈေးရောင်းသူတွေရဲ့ လူလည်ကျမှုကို Idol တွေတောင်မှ ခံရနိုင်တယ်ဆိုတာကို သက်သေထူခဲ့ပါတယ်။

Irene ဟာ အွန်လိုင်းကနေပစ္စည်းမှာယူရာမှာ သူထင်ထားတဲ့ဖိနပ်ပုံစံနဲ့ တက်တက်စင်အောင်လွဲနေတဲ့ ဖိနပ်တစ်ရံကိုရရှိခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းကို Interview တဲ့သူကပြန်မေးတဲ့အခါမှာလည်း Irene ဟာ သူ့ရဲ့ရယ်ချင်စိတ်ကိုထိန်းမရခဲ့ပါဘူး။

Irene ဟာ Online ကနေ အနက်ရောင်ညှပ်ဖိနပ်တစ်ရန်ကိုမှာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ညှပ်ဖိနပ် အိမ်ကိုရောက်လာတဲ့အချိန်မှာတော့ ဖိနပ်ဟာအပြာရောင်ဖြစ်နေပြီး Irene လိုချင်ခဲ့တဲ့အရောင်နဲ့ ဖိနပ်ရဲ့အရောင်ကလုံးဝကွဲနေခဲ့တာဖြစ်ပါတယ်။ ထိုအကြောင်းကိုတော့ Irene က ယခုလိုပဲပြောပြခဲ့တာဖြစ်ပါတယ်။

“ကျွန်မက အနက်ရောင်ညှပ်ဖိနပ်ကိုမှာယူခဲ့ပါတယ်။ ဒါပေမယ့် တကယ်ရောက်လာတဲ့ဖိနပ်အရောင်ကတော့ ဘယ်လိုပြောရမလဲ…Mackerel (ငါးသလောက်တစ်မျိုး) ရဲ့အရောင်ကြီးဖြစ်နေတယ်” – Irene

Irene တစ်ယောက် ယခုလို အွန်လိုင်းဈေးရောင်းသူရဲ့ လူလည်ကျတာကိုခံလိုက်ရတဲ့အချိန်မှာတော့ အဖွဲ့ဝင်တွေအတွက် ရယ်စရာဟာသတစ်ခုလိုဖြစ်ခဲ့ရပါတယ်။ ဖိနပ်ကိုကြည့်ပြီး အားလုံးကဝိုင်းရယ်နေကြပေမယ့်လည်း Irene ကတော့ ကုန်သွားတဲ့သူ့ရဲ့ပိုက်ဆံကိုအလဟဿမဖြစ်အောင် ထိုဖိနပ်အပြာရောင်ကိုပဲဆက်စီးနေခဲ့ပါတယ်။ ဒီအကြောင်းကိုလည်း Irene က ယခုလိုပဲပြောခဲ့ပါတယ်။

“အကုန်လုံးက ကျွန်မကိုဟာသလုပ်နေပေမယ့်လည်း ကျွန်မကတော့ ရောက်လာတဲ့ဖိနပ်တွေကိုပဲစီးလိုက်ရပါတယ်” – Irene

Totoyo (Pop Channel)
Source: koreaboo