နိုဝင်ဘာလထဲမှာ Online Concert တစ်ခုပြုလုပ်မယ့် Stray Kids - Pop Channel

နိုဝင်ဘာလထဲမှာ Online Concert တစ်ခုပြုလုပ်မယ့် Stray Kids

အောက်တိုဘာ (၁၉) ရက်နေ့မှာ Stray Kids အဖွဲ့ရဲ့ကြေညာချက်အရ ‘Unlock : GO LIVE IN LIFE’ ဆိုတဲ့ Online Concert တစ်ခုကိုကျင်းပဖို့စီစဉ်ထားကြောင်းသိရှိရပါတယ်။

အဆိုပါ ဖျော်ဖြေပွဲကိုတော့ နိုဝင်ဘာ (၂၃) ရက်နေ့ မြန်မာစံတော်ချိန် 12:30 PM မှာ SM Entertainment နဲ့ Naver တို့ရဲ့ဖျော်ဖြေမှု Platform တစ်ခုဖြစ်တဲ့ ‘Beyond LIVE’ ကနေတစ်ဆင့်ပြုလုပ်သွားမှာဖြစ်ပါတယ်။ ယခုနှစ်ထဲမှာ ‘Beyond Live’ ကနေတစ်ဆင့် SM ရဲ့အနုပညာရှင်တွေသာမက၊ TWICE အဖွဲ့သည်လည်း Online Concert တစ်ခုကျင်းပခဲ့ပါသေးတယ်။

Pop Channel
Source: soompi