YouTube ပေါ်မှာစံချိန်သစ်တစ်ခုတင်ခဲ့တဲ့ Jennie ရဲ့ 'SOLO' - Pop Channel

YouTube ပေါ်မှာစံချိန်သစ်တစ်ခုတင်ခဲ့တဲ့ Jennie ရဲ့ ‘SOLO’

အောက်တိုဘာ (၁၇) ရက်နေ့မှာတော့ BLACKPINK အဖွဲ့ဝင် Jennie ရဲ့ ‘SOLO’ MV ဟာ YouTube ပေါ်မှာ 550 Million Views ကိုရောက်ရှိလာခဲ့ပါတယ်။ ‘SOLO’ ကို Nov 12, 2018 တွင်ဖြန့်ချီပေးခဲ့တာဖြစ်ပြီး 1 year,11 months ကျော်အကြာမှာဒီလိုစံချိန်ကောင်းတစ်ခုကိုရရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ‘SOLO’ ဟာ ကေပေါ့(ပ်)အမျိုးသမီးတစ်ကိုယ်တော်အဆိုတော်တွေရဲ့ MV တွေအထဲမှာ ပထမဦးဆုံး 550 Million Views ရရှိခဲ့တဲ့ MV လည်းဖြစ်ပါတယ်။

‘SOLO’ ဟာမကြာသေးခင်ကလည်း Spotify ပေါ်မှာ 240.8 Million Streams ကိုရောက်ရှိလာခဲ့ပြီး Jennie ဟာ Most-Streamed Korean Soloistအဖြစ်လည်းရောက်ရှိခဲ့ပါသေးတယ်။

‘SOLO’ ဟာ Jennie ရဲ့တစ်ကိုယ်တော်အဆိုတော်အဖြစ် Debut လုပ်ခဲ့တဲ့သီချင်းဖြစ်ပါတယ်။

Congratulations Jennie!

Pop Channel
Source: soompi