NCT အဖွဲ့ထဲမှာ အသံကာလာအမိုက်စားကိုပိုင်ဆိုင်ထားတဲ့ Doyoung ရဲ့အကြောင်းအရာတချို့ - Pop Channel

NCT အဖွဲ့ထဲမှာ အသံကာလာအမိုက်စားကိုပိုင်ဆိုင်ထားတဲ့ Doyoung ရဲ့အကြောင်းအရာတချို့

ယခုတစ်ခါမှာတော့ NCT U နဲ့ NCT 127 တို့ရဲ့အဖွဲ့ဝင် Doyoung ရဲ့ ပရိသတ်စိတ်ဝင်စားစေမယ့် အကြောင်းအရာတချို့ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

  • အားကစားလိုက်စားတဲ့မိသားစုကနေဆင်းသက်လာတဲ့ Doyoung

Doyoung ရဲ့မိဘနှစ်ပါးနဲ့ အကိုဖြစ်သူ Gong Myung တို့ဟာ အားကစားလိုက်စားပြီး သွက်သွက်လက်လက်ရှိကြသူတွေဖြစ်ပါတယ်။ Doyoung ရဲ့အဖေဖြစ်သူဟာ Professional အလေးမသမားတစ်ဦးဖြစ်ပြီး၊ အမေကတော့ Professional အပြေးသမားတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း Doyoung ကတော့ အားကစားကိုစိတ်မဝင်စားဘဲ အနုပညာအလုပ်ကိုသာကြိုက်နှစ်သက်ပါတယ်။

  • အဘက်ဘက်က အရည်အချင်းတွေနဲ့ပြည့်စုံနေတဲ့ Doyoung

Doyoung ဟာ ငယ်ငယ်လေးကတည်း ရင့်ကျက်မှုရှိပြီး ကောင်းမွန်တဲ့လူမှုဆက်ဆံရေးရှိတာကြောင့် သူ့အသက် ၉ နှစ်အရွယ်လောက်မှာ အတန်းကိုယ်စားလှယ်အဖြစ်ခန့်အပ်ခြင်းကိုခံခဲ့ရပါတယ်။ဒါ့အပြင် Doyoung ဟာ စကားအပြောအဆိုလည်း တကယ်ကို ကျွမ်းကျင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုအရည်အချင်းတွေကြောင့် Doyoung ရဲ့အမေဟာ သူ့ကိုရှေ့နေတစ်ယောက်ဖြစ်စေချင်ခဲ့ပေမယ့်လည်း Doyoung ကတော့ အဆိုတော်တစ်ယောက်ပဲဖြစ်ချင်ခဲ့ပါတယ်။

  • ကျောင်းမှာ အရမ်းကိုနာမည်ကြီးခဲ့တဲ့ Doyoung

Doyoung ဟာ အတန်းကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သလို အသံချိုချိုလေးနဲ့ အဆိုကောင်းတဲ့သူတစ်ယောက်လည်းဖြစ်တာကြောင့် ကျောင်းမှာအတော်လေး Popular ဖြစ်ခဲ့ပါတယ်။ Doyoung ဟာ Heart Track လို့ခေါ်တဲ့ ကျောင်းတီးဝိုင်းထဲမှာအဖွဲ့ဝင်တစ်ဦးအဖြစ်ပါဝင်ခဲ့ဖူးပြီး၊ သီဆိုယှဉ်ပြိုင်မှုတစ်ခုမှာလည်း ပထမနေရာကိုရရှိခဲ့ဖူးပါသေးတယ်။

  • SM Entertainment ကို Doyoung တစ်ယောက်ဘယ်လိုရောက်ရှိလာခဲ့သလဲ?

Doyoung ဟာ အခြားသော Idol တွေလို SM Entertainment ရဲ့ Audition ကိုဝင်ရောက်ယှဉ်ပြိုင်ရာကနေ Entertainment ကိုရောက်ရှိလာတာမဟုတ်ပါဘူး။ Doyoung ဟာ Professional အဆိုတော်တစ်ယောက်ဖြစ်ချင်တာကြောင့် ဂီတပွဲတော်တွေနဲ့ Event တော်တော်များများမှာ Vocalist တစ်ဦးအဖြစ်နဲ့ပါဝင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်တုန်းကကျင်းပခဲ့တဲ့ Gyeonggi Youth Arts Festival မှာ Doyoung တစ်ယောက်ပါဝင်ခဲ့ချိန်မှာတော့ SM Entertainment ရဲ့ကိုယ်စားလှယ်တစ်ဦးက Doyoung ကိုမြင်သွားခဲ့ပြီး Company ကိုလာရောက်ဆက်သွယ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါကြောင့်ပဲ Doyoung ဟာ SM Entertainment ရဲ့ Trainee တစ်ဦးဖြစ်လာခဲ့တာဖြစ်ပါတယ်။

  • သူ့ရဲ့သူငယ်ချင်းတွေကို တစ်ခါလိမ်ခဲ့ဖူးတဲ့ Doyoung

Doyoung ဟာ SM Entertainment ကို Trainee တစ်ဦးအဖြစ် သွားရောက်ရမယ့်အချိန်မှာတော့ ကျောင်းကနေထွက်ခဲ့ရပါတယ်။ Doyoung ဟာ သူ့ရဲ့သူငယ်ချင်းတွေအား သူနိုင်ငံခြားကိုသွားတော့မှာဖြစ်တာကြောင့် ကျောင်းထွက်လိုက်တာဖြစ်တယ်ဆိုပြီး လိမ်ပြောခဲ့ပါတယ်။ အဲ့ဒီနောက် Doyoung ရဲ့သူငယ်ချင်းတွေဟာ Doyoung ကို SM Entertainment ရဲ့ trainee တွေပါဝင်တဲ့ Videoတစ်ခုထဲမှာပြန်လည်မြင်တွေ့လိုက်ရချိန်မှာတော့ အတော်လေးအံ့ဩသွားခဲ့ကြရပါတယ်။

  • ပုံမှန်မဟုတ်တဲ့ Pre-Debut မျိုးကိုပြုလုပ်ခဲ့တဲ့ Doyoung

Doyoung တစ်ယောက် SM Entertainment မှာ Training ဆင်းနေစဉ်ကာလက Show Champion မှာ Jaehyun နဲ့အတူ အစီအစဉ်တင်ဆက်သူအဖြစ်ပါဝင်ခဲ့ပါတယ်။ ဒီလိုအစီအစဉ်တင်ဆက်သူအဖြစ် Show တွေမှာပါဝင်တာဟာ Trainee တစ်ယောက်အနေနဲ့ တကယ်ကိုအဆင်မပြေဖြစ်တတ်ကြပါတယ်။

Doyoung ကတော့ နဂိုကတည်းက စကားပြောကောင်းတဲ့သူတစ်ယောက်ဖြစ်တာကြောင့် သူ့အတွက် MC အလုပ်ဟာအဆင်ပြေစေခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ Doyoung ဟာ M Countdown နဲ့ Inkigayo တို့လို Music Show တော်တော်များများမှာ MC အဖြစ်ဆက်လက်ပါဝင်ခဲ့ပါတယ်။

  • Doyoung ရဲ့ အလေ့အကျင့်တစ်ခု

Doyoung ဟာ NCT ရဲ့ Choreography တွေကိုလေ့ကျင့်ရာမှာ ပြင်းပြင်းထန်ထန်လေ့ကျင့်‌လေ့ရှိသလို၊ လေ့ကျင့်စရာမရှိတဲ့ရက်တွေဆိုရင်လည်း သူဟာ ဘာမှမလုပ်ချင်တော့လောက်အောင်ကို အိပ်ရာထဲမှာပဲတစ်ချိန်လုံးနေနေတတ်ပါတယ်။ တစ်ခါ Doyoung ဟာ တစ်နေရာနဲ့တစ်နေရာကို အချိန်ခဏလေးအတွင်းမှာ ရုတ်တရက်သွားနိုင်တဲ့ Teleport လိုမျိုး Super power လိုချင်ပါတယ်ဆိုပြီး‌တော့တောင်ပြောခဲ့ဖူးပါတယ်။

Totoyo (Pop Channel)
Source: koreaboo