MONSTA X အဖွဲ့ဝင် Shownu တစ်ယောက် သူ့ရဲ့ညီမလေးနဲ့သဘောတူမယ့် အဖွဲ့ဝင်ကဘယ်သူဖြစ်မလဲ? - Pop Channel

MONSTA X အဖွဲ့ဝင် Shownu တစ်ယောက် သူ့ရဲ့ညီမလေးနဲ့သဘောတူမယ့် အဖွဲ့ဝင်ကဘယ်သူဖြစ်မလဲ?

MONSTA X အဖွဲ့ဝင်တွေဟာဆိုရင် ပွဲဦးထွက်လာပြီးကတည်းက ၅ နှစ်ဆိုတဲ့အချိန်ကာလကိုအတူဖြတ်သန်းလာခဲ့ရတာကြောင့် တစ်ယောက်နဲ့တစ်ယောက်သွေးသားအရင်းအချာတွေလိုရင်းနှီးကြပါတယ်။

တစ်ခါက MONSTA X အဖွဲ့ဝင် Shownu ဟာ ESQUIRE Korea မှာ ပရိသတ်‌‌တွေ မေးတဲ့မေးခွန်းတွေကိုဖြေဆိုခဲ့ရပါတယ်။ ဒီမေးခွန်းတွေထဲမှာ”မင်းမှာသာညီမလေးတစ်ယောက်ရှိခဲ့မယ်ဆိုရင် သူ့ကို အဖွဲ့ထဲကဘယ်သူနဲ့ သဘောတူမှာလဲ” ဆိုပြီးမေးမြန်းခဲ့ပါတယ်။

Showna တစ်ယောက် ထိုမေးခွန်းကို မြင်မြင်ချင်းမှာမဖြေဘဲ ဒီမေးခွန်းကို‌ကျော်မယ်ဆိုပြီးတော့တောင်ပြောခဲ့ပါသေးတယ်။ အဲ့ဒီနောက် Shownu ဟာ သူ့ရဲ့ဆုံးဖြတ်ချက်ကိုပြင်ဆင်ပြီး ထိုမေးခွန်းကိုဖြေရန် ဘေးနားမှာ MONSTA X အဖွဲ့ဝင်တွေရှိမရှိကို အရင်စစ်ဆေးကြည့်ခဲ့ပါသေးတယ်။ ဘေးနားမှာ MONSTA X အဖွဲ့ဝင်တွေမရှိတော့တာ သေချာမှ Shownu က သူ့ရဲ့ညီမလေးနဲ့ သူသဘောတူတဲ့အဖွဲ့ဝင်က အဖွဲ့ဝင် Jooheony ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။

Joohoney ဟာဆိုရင် Shownu နဲ့ တကယ့်ညီအကိုအရင်းတွေလို ရင်းနှီးတဲ့အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် Joohoney နဲ့ Shownu တို့ဟာ သူ့တို့ကိုယ်သူတို့ ညီအကိုအရင်းတွေလို့တောင်သတ်မှတ်ထားကြပါသေးတယ်။

ဒါကြောင့် Shownu ဟာ သူ့မှာသာ ညီမလေးတစ်ယောက်ရှိခဲ့မယ်ဆိုရင် သူ့ညီမ‌လေးနဲ့ သူသဘောတူမိမယ့်အဖွဲ့ဝင်က Joohoney ဖြစ်တယ်လို့ ပြောခဲ့တာပဲဖြစ်ပါတယ်။

Totoyo (Pop Channel)
Source: koreaboo