Lovesick Girls နဲ့အတူ Music Show Win ခဲ့ပြန်တဲ့ BLACKPINK - Pop Channel

Lovesick Girls နဲ့အတူ Music Show Win ခဲ့ပြန်တဲ့ BLACKPINK

အောက်တိုဘာ (၁၈) ရက်နေ့မှာပြုလုပ်ခဲ့တဲ့ ‘Inkigayo’ အစီအစဉ်မှာ BLACKPINK အဖွဲ့ရဲ့ ‘Lovesick Girls’ က ပထမနေရာကိုရရှိခဲ့ပါတယ်။

ယခုတစ်ပတ်အတွက် ဆန်ခါတင်စာရင်းထဲမှာ BLACKPINK ရဲ့ ‘Lovsick Girls’, Park Jin Young & Sunmi တို့ရဲ့ ‘When We Disco’ နှင့် Jessi ရဲ့ ‘NUNU NANA’ တို့ပါဝင်လာခဲ့တာဖြစ်ပြီး၊ ‘Lovesick Girls’ က 10,239 မှတ်၊ ‘When We Disco’ က 3,963 မှတ်၊ ‘NUNU NANA’ က 3,500 မှတ် အသီးသီး ရရှိခဲ့ကြပါတယ်။

BLACPINK အဖွဲ့အတွက်ကတော့ ယခုတစ်ကြိမ်ဟာ ‘Lovesick Girls’ နှင့်အတူ (၅) ကြိမ်မြောက် Music Show Win ခဲ့တာပဲဖြစ်ပါတယ်။

Congratulations BLACKPINK!

Pop Channel
Source: soompi