Korean Age အရ လာမယ့်နှစ်ထဲမှာ အသက် (၄၀) ပြည့်တော့မယ့် ကိုရီးယားမင်းသမီးချောများ - Pop Channel

Korean Age အရ လာမယ့်နှစ်ထဲမှာ အသက် (၄၀) ပြည့်တော့မယ့် ကိုရီးယားမင်းသမီးချောများ

ယခုဖော်ပြပေးမယ့် မင်းသမီးချောတွေကတော့ (၁၉၈၂) ခုနှစ်ထဲမှာမွေးဖွားခဲ့ကြတာဖြစ်ပါတယ်။ သူတို့ဟာ အသက်အရွယ်အရမငယ်တော့ပေမယ့်၊ သူတို့ရဲ့ရုပ်ရည်ချောမောမှုတွေကတော့ နုပျိုလှပနေကြတုန်းပဲဖြစ်ပါတယ်။

Son Yejin

Crash Landing on You နဲ့ပရိသတ်တွေရဲ့အသည်းနှလုံးကိုတစ်ဖန်ပြန်လည်သိမ်းပိုက်ထားခဲ့သူဖြစ်တဲ့ Son Yejin ကတော့ Jan 11, 1982 ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ အသက် (၄၀) ပြည့်တော့မှာဖြစ်ပေမယ့်လည်း လှပနုပျိုနေဆဲသူတစ်ယောက်ဖြစ်တယ်ဆိုတာတော့ ဘယ်သူမှငြင်းနိုင်မယ်မထင်ပါဘူး။

Han Jimin

အနုပညာလောကထဲကို (၁၉၉၉) ခုနှစ်ကတည်းကရောက်ရှိလာခဲ့ပြီး ပရိသတ်အခိုင်အမာရှိသူတစ်ဦးဖြစ်တဲ့ Han Jimin ကတော့ Nov 5, 1982 တွင်မွေးဖွားခဲ့တာဖြစ်ပါတယ်။ Korean Age အရ နောက်နှစ်ထဲမှာ အသက် (၄၀) ပြည့်တော့မှာဖြစ်ပေမယ့်လည်း နုပျိုလှပနေဆဲသူတစ်ဦးဖြစ်ပါတယ်။

Lee Minjung

Feb 16, 1982 မှာမွေးဖွားခဲ့တဲ့ Lee Minjung ဟာ အသက် (၄၀) ပြည့်တော့မှာဖြစ်ပေမယ့်လည်း ချစ်စရာကောင်းနေဆဲသူတစ်ဦးပဲဖြစ်ပါတယ်။

Yoo Inna

တောင်ကိုရီးယားရဲ့ Cable Television Series တွေအထဲမှာ Highest Rated ဖြစ်ခဲ့တဲ့ Touch You Heart ထဲမှာပါဝင်ခဲ့ပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကိုရရှိနေဆဲဖြစ်တဲ့ Yoo Inna ကတော့ June 5, 1928 ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ အသက် (၄၀) ပြည့်တော့မှာဆိုပေမယ့် လှပချောမောနေဆဲ မတ်မတ်တစ်ဦးပဲဖြစ်ပါတယ်။

Han Chaeah

အနုပညာလောကထဲမှာ လှုပ်ရှားလာခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ရှိခဲ့ပြီဖြစ်တဲ့ Han Chaeah ကတော့ March 24, 1984 မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ Korean Age အရ နောက်နှစ်ထဲမှာ အသက် (၄၀) ပြည့်တော့မှာဖြစ်ပေမယ့်လည်း နုပျိုလှပနေဆဲသူတစ်ဦးဖြစ်တယ်ဆိုတာတော့ ငြင်းဖွယ်ရာမရှိပါဘူး။

Kim Ahjung

200 Pounds Beauty ဆိုတဲ့ Romantic Comedy ဇာတ်လမ်းလေးနဲ့အတူ ပရိသတ်တွေရဲ့အသည်းကျော်ဖြစ်လာခဲ့တဲ့ Kim Ahjung ကတော့ Oct 16, 1982 တွင်မွေးဖွားခဲ့တာဖြစ်ပါတယ်။ အသက် (၄၀) ပြည့်တော့မှာဖြစ်ပေမယ့် သူ့ရဲ့အလှအပကတော့ ပရိသတ်တွေကိုစွဲဆောင်ထားနိုင်ဆဲပဲဖြစ်ပါတယ်။

Han Ga-in

Moon Embracing the Sun နဲ့အတူအောင်မြင်မှုများစွာစတင်သိမ်းပိုက်လာနိုင်ခဲ့တဲ့ Han Ga-in ကတော့ Feb 25, 1982 ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။
အသက်အရွယ်ကြီးလာပြီဆိုပေမယ့် သူ့ရဲ့ဟန်ပန်အသွင်အပြင်လေးတွေကတော့ လှပချစ်စရာကောင်းနေဆဲပဲဖြစ်ပါတယ်။

Pop Channel
Source: kstarlive