ကလေးအရွယ်‌တုန်းက TV အစီအစဉ်တွေမှာ ပါဝင်ခဲ့ဖူးကြတဲ့ K-Pop Idol များ - Pop Channel

ကလေးအရွယ်‌တုန်းက TV အစီအစဉ်တွေမှာ ပါဝင်ခဲ့ဖူးကြတဲ့ K-Pop Idol များ

ယခုတစ်ခါမှာတော့ ငယ်ငယ်တုန်းက TV အစီအစဉ်တွေပေါ်မှာ ပေါ်လာခဲ့ဖူးကြတဲ့ K-Pop Idol တွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

  • Little TVXQ

TVXQ အဖွဲ့ဟာ Star King လို့ခေါ်တဲ့ ရသစုံ TV အစီအစဉ်တစ်ခုမှာပါဝင်ခဲ့ဖူးပါတယ်။ ထိုအစီအစဉ်မှာတော့ K-Pop Idol ကြယ်ပွင့်တွေဟာ အရည်အချင်းအမျိုးမျိုးနဲ့လာရောက်ယှဉ်ပြိုင်သူတွေကို စီစစ်အကဲဖြတ်ပေးကြရပါတယ်။ TVXQ အဖွဲ့ ထိုအစီအစဉ်ကိုရောက်လာခဲ့တဲ့ အပိုင်းမှာတော့ TVXQ ရဲ့ Mini-me version boy group လေးဟာလည်း ထိုအစီအစဉ်မှာပါဝင်လာခဲ့ပါတယ်။ အဆိုပါ Mini-me version boy group ထဲက ကလေး‌လေး (၃) ယောက်ဟာဆိုရင် ယနေ့မှာအောင်မြင်တဲ့ K-Pop Idol တွေဖြစ်လာခဲ့ကြတယ်ဆိုတာကိုရော ပရိသတ်တွေသတိထားမိကြရဲ့လား?

  • ASTRO အဖွဲ့ဝင် Moonbin

ပုံထဲမှာ မြင်တွေ့နေရတဲ့ Idol လေးကတော့ ASTRO အဖွဲ့ဝင် Moonbin ပဲဖြစ်ပါတယ်။ Moonbin ဟာ Star King အစီအစဉ်မှာ U-Know Yunho ရဲ့ mini-me version လေးအဖြစ်ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် Moonbin ဟာ TVXQ ရဲ့ “Balloons” music video မှာလည်း ပါဝင်ခဲ့ဖူးပါသေးတယ်။

  • SF9 အဖွဲ့ဝင် Chani

Star King အစီအစဉ်မှာ Micky Yoochun ရဲ့ mini-me အဖြစ်ပါဝင်ခဲ့ပြီး အောင်မြင်တဲ့ Idol တစ်ဦးဖြစ်လာခဲ့တဲ့ ကောင်လေးကတော့ SF9 အဖွဲ့ဝင် Chani ပဲဖြစ်ပါတယ်။

  • iKON အဖွဲ့ဝင် Chan

iKON ရဲ့အငယ်ဆုံးအဖွဲ့ဝင် Chan ဟာလည်း ငယ်စဉ်က TVXQ အဖွဲ့ဝင်တွေနဲ့ ရုပ်ချင်းဆင်တဲ့ ကလေးလေးတစ်ယောက်ဖြစ်ပါတယ်။ Chan ဟာ Moonbin နဲ့ Chani တို့လို့ Star King အစီအစဉ်မှာ မပါဝင်ခဲ့ပေမယ့် TVXQ ရဲ့ “Balloons” music video ထဲမှာ Max Changmin ရဲ့ ငယ်ဘဝဇာတ်ရုပ်အဖြစ်ပါဝင်ခဲ့ဖူးပါတယ်။

  • Girls’ Generation အဖွဲ့ဝင် Sooyoung

ကမ္ဘာကျော်မိန်းကလေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Girl’s Generation အဖွဲ့ဟာဆိုရင် ဆယ်စုနှစ်တစ်ခုကြာသည်အထိကို ပရိသတ်တွေရင်ထဲမှာနေရာယူထားနိုင်ပြီး K-Pop လောကမှာအောင်မြင်မှုမှတ်တိုင်တွေကိုလည်းစိုက်ထူထားနိုင်ခဲ့ပါတယ်။ Girl’s Generation အဖွဲ့ ပွဲဦးမထွက်သေးခင်က အဖွဲ့ဝင် Sooyoung ဟာ အဖွဲ့အမျိုးမျိုးနဲ့ Debut လုပ်ခဲ့ဖူးပါတယ်။ Sooyoung ဟာ သူ့အသက် ၁၂ နှစ်အရွယ် တုန်းက Route 0 လို့ခေါ်တဲ့ Japanese duo group တစ်ခုမှာပါဝင်ခဲ့ဖူးပြီး TV အစီအစဉ်တွေမှာပေါ်လာခဲ့ပါတယ်။

  • G-Dragon

GD ဟာ သူ့အသက် ၆ နှစ်သားအရွယ်တုန်းက BoBoBo လို့ခေါ်တဲ့ နာမည်ကျော် kids show တစ်ခုမှာပါဝင်ခဲ့ဖူးပါတယ်။ ပရိသတ်တွေရဲ့ အသည်းကျော်ကြီး GD ဟာ ငယ်ငယ်လေးကတည်းက Coat ဝတ်ပြီးအထာကျကျမိမိုက်‌နေခဲ့တာဖြစ်ပါတယ်။

  • SISTAR အဖွဲ့ဝင် Bora

Bora ဟာ SISTER အဖွဲ့နဲ့အတူ ပွဲဦးမထွက်ခင်က Golden Ladder လို့ခေါ်တဲ့ Variety Show တစ်ခုမှာပါဝင်ခဲ့ဖူးပါတယ်။

Totoyo (Pop Channel)
Source: koreaboo