K-Pop လောကမှာဖြစ်ပွားခဲ့တဲ့ Fan တွေနဲ့ Netizen တွေကြားက အငြင်းပွားမှုများ - Pop Channel

K-Pop လောကမှာဖြစ်ပွားခဲ့တဲ့ Fan တွေနဲ့ Netizen တွေကြားက အငြင်းပွားမှုများ

ယခုတစ်ခါမှာတော့ K-Pop Idol တွေနဲ့ပတ်သက်ပြီး Fan တွေနဲ့ Netizen တွေကြားမှာ အငြင်းပွားစရာဖြစ်ခဲ့ရတဲ့ ကိစ္စရပ်တချို့ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

  • Lee Hyori နဲ့ Girls’ Generation အဖွဲ့ဝင် Yoona တို့နှစ်ဦအားဝေဖန်ခြင်း

Lee Hyori ဟာ ၂၀၂၀ ခုနှစ်အတွင်းမှာပဲ Idol တစ်ဦးအဖြစ် ပရိသတ်တွေရဲ့ရှေ့ကိုပြန်လည်ရောက်ရှိလာခဲ့ပြီး ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်။ Lee Hyori ဟာ Yoo Jae Suk, Rain တို့နဲ့အတူ SSAK3 ရဲ့အဖွဲ့ဝင်တစ်ဦးအဖြစ် K-Pop လောကထဲကိုပြန်လည်ခြေချလာခဲ့တာဖြစ်ပါတယ်။

ဂျူလိုင်လတုန်းက Lee Hyori ဟာ Girls’ Generation အဖွဲ့ဝင် Yoona နဲ့အတူတူ Karaoke ဆိုင်သွားခဲ့ပြီး Live လွှင့်ခဲ့ပါတယ်။ ထို Live ကိုကြည့်နေတဲ့ Netizen တွေဟာ Lee Hyori နဲ့ Yoona တို့နှစ်ယောက်က ယခုလိုကူးစက်ရောဂါတွေပြန့်ပွားနေတဲ့အချိန်မှာ Mask မတပ်ဘဲ Karaoke ဆိုင်သွားကြတယ်ဆိုပြီး သူတို့နှစ်‌ယောက်အားဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။

အဲ့လိုတွေတေဖန်နေကြတဲ့နောက်မှာတော့ Lee Hyori က Mask ကို Live လွှင့်နေစဉ်အတွင်းတပ်ခဲ့ပါတယ်။ ဒါ့အပြင် Yoona ကလည်း သူတို့ Karaoke ကိုလာတဲ့လမ်းတစ်လျှောက်မှာ Mask တပ်လာခဲ့ကြောင်း ဒီကိုရောက်မှ Mask ကိုဖြုတ်လိုက်တာဖြစ်ကြောင်းအကျိုးသင့် အကြောင်းသင့်ရှင်းပြခဲ့ပါတယ်။

ဒီလိုအထင်အမြင်လွဲစေခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး သူတို့နှစ်ဦးလုံးက ပြန်လည်တောင်းပန်ခဲ့ကြပေမယ့်လည်း Netizen တချို့ကတော့ Lee Hyori ရဲ့အနုပညာအလုပ်တွေရပ်နားလိုက်ဖို့အထိပါပြောပြီး သူ့ကိုတိုက်ခိုက်ခဲ့ကြပါတယ်။ ဒါ့အပြင် Lee Hyori ကို SSAK3 အဖွဲ့ထဲကနေပါထွက်ဖို့အထိတွန်းအားပေးခြင်းမျိုးတွေကိုပါပြုလုပ်ခဲ့ကြပါသေးတယ်။

  • WINNER အဖွဲ့ရဲ့ “Really Really” သီချင်းကို TREASURE က Cover ပြန်ဆိုမှုအပေါ်ဝေဖန်မှုများ

TREASURE အဖွဲ့ဟာ KBS CoolFM radio ရဲ့ Kang Han Na’s Volume Up အစီအစဉ်မှာ Guest အနေနဲ့ပါဝင်ရင်း WINNER အဖွဲ့ရဲ့ “Really Really” သီချင်းကို Cover ပြန်ဆိုခဲ့ပါတယ်။ အဲ့ဒီလို Cover ပြန်ဆိုတဲ့အချိန်မှာ TREASURE အဖွဲ့ဝင်တချို့ဟာ သီချင်းစာသားမေ့တာမျိုးတွေရှိခဲ့တာကြောင့် WINNER ရဲ့ ပရိသတ်တွေက ဒါဟာ WINNER အဖွဲ့ကို မလေးမစားလုပ်တာနဲ့အတူတူပဲဟုဆိုကာ ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

“ဟေ့ ကောင်လေးတွေ၊ ဒါက ကာရာအိုကေဆိုနေကြတဲ့ အချိန်မဟုတ်ဘူး။ ဖြတ်ပြီး မဆိုရမယ့် Line တွေရှိ‌တယ်လေ။ ဒီလို ပြုမူပုံမျိုးက ပရိသတ်တွေတောင်မှ ခွင့်မပြုပေးနိုင်ပါဘူး”

“မင်းတို့သိလား၊ အရည်အချင်းမရှိတာကို ခွင့်လွှတ်ပေးလို့ရပေမယ့် ဒီလိုအပြုအမူမျိုးကိုတော့ ခွင့်မပြုပေးနိုင်ဘူး။ What the f**k တသ်ခုခုများမှားနေတာလား” – Korean Fan

ကိုရီးယားပရိသတ်‌တချို့ဟာ TREASURE အဖွဲ့ကိုပြစ်တင်ဝေဖန်ခဲ့ကြပေမယ့်လည်း International fan တွေကတော့ ထို Cover song မှ Treasure အဖွဲ့ရဲ့ကောင်းကွက်တွေကို ပြန်လည်ထောက်ပြခဲ့ကြပါတယ်။

  • ပြန်လည်ရှင်းပြတဲ့စာမှာ ဒေါသသံပါနေတာကြောင့် ဝေဖန်ခံခဲ့ရတဲ့ Jihyo

Jihyo က ၂၀၁၉ ခုနှစ်တုန်းကပြုလုပ်ခဲ့တဲ့ MAMA ပွဲအခမ်းအနားကနေ ခဏပျောက်သွားခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်မှာ ပရိသတ်တွေဟာ Jihyo တစ်ယောက် MAMA ပွဲကပျောက်သွားတာဟာသူ့ရဲ့ရည်းစား Kang Daniel ကိုသွားနေလို့ဖြစ်မယ် ဆိုပြီးအမျိုးမျိုးထင်ကြေးပေးခြင်းမျိုးတွေပြုလုပ်ခဲ့ကြပါတယ်။ Jihyo ဟာ ထိုပွဲကနေ သူခဏတာထွက်သွားရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြန်လည်ရှင်းပြပေးခဲ့ပေမယ့်လည်း ထိုရှင်းပြစာမှာပရိသတ်ကိုဂရုမစိုက်တဲ့သဘောမျိုးတွေပါဝင်ခဲ့တာကြောင့် Jihyo ဟာ ပိုပြီးတော့ဝေဖန်ခံခဲ့ရပါတယ်။

Jihyo ဟာ ပြန်လည်ရှင်းပြတဲ့စာထဲမှာ “웅앵웅” ဆိုတဲ့ ကိုရီးယားဗန်းစကားတစ်လုံးကိုထည့်သွင်းရေးသားခဲ့ပါတယ်။ ထိုစကားလုံးရဲ့အဓိပ္ပာယ်ကတော့ “ဘာပဲဖြစ်ဖြစ်” ဆိုတဲ့သဘောမျိုးကိုသက်ရောက်ပါတယ်။ ဒါ့အပြင် Jihyo ဟာ စာကို “sorry not sorry” ဆိုတဲ့ပုံစံမျိုးနဲ့ ရေးသားခဲ့တာဖြစ်တယ်လို့ ပရိသတ်တွေကယုံကြည်သွားခဲ့ကြပါတယ်။

TWICE ရဲ့ ပရိသတ်တွေဖြစ်ကြတဲ့ ONCE တွေကတောင်မှ Jihyo ရဲ့စာနဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုးရှိခဲ့ကြပါတယ်။

“ငါ ဘယ်သူ့ ဘယ်သူ့ကိုမှမပြောချင်ပေမယ့် Jihyo ကဘာဖြစ်တာ‌လဲ။ မင်းအတွက် ခက်ခဲမယ်ဆိုတာသိပေမယ့်၊ မင်းရဲ့ပရိသတ်တွေလည်း တကယ်နာကျင်ရပါတယ်။ မင်း ဒီ့ထက်ယဉ်ကျေးတဲ့ စကားလုံးမျိုးသုံးလို့မရဘူးလား။ မင်းကိုကြည့်နေတဲ့သူတွေနဲ့ ONCE တွေကို ထောက်ထားတဲ့အနေနဲ့ မင်းရဲ့စကားတွေကိုမဆင်ခြင်ဘူးလား။ ဒါကြီးကတော့ တကယ့် တကယ်ကိုပါပဲ…” – Twitter user တစ်ဦး

“What the LOL Park Jihyo က အံ့ဩဖို့ကောင်းတယ်ကွာ။ Jihyo ကတော့ တကယ်အတော်ဆုံးပဲ” – @jihyo_chungha အမည်ဖြင့် Twitter user တစ်ဦး

  • IU ရဲ့ Concert ကို ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ Fan တစ်ဦးကို တရားစွဲဖို့ဆုံးဖြတ်ခဲ့တဲ့ Kakao M ရဲ့ ဆုံးဖြတ်ချက်

ပရိသတ်တစ်ဦးဟာ IU ရဲ့ Concert ကို Video ရိုက်ကူးပြီးထုတ်လွှင့်ခဲ့တာကြောင့် IU ရဲ့ Agency ဖြစ်တဲ့ Kakao M ကနေ ထို Fan အားတရားစွဲဆိုခဲ့ပါတယ်။ ထိုထုတ်လွှင့်မှုဟာ အသံသာပါဝင်ခဲ့ပေမယ့်လည်း Kakao M ကတော့ ထိုပရိသတ်ရဲ့အပြုအမူကိုလက်မခံနိုင်ခဲ့ပါဘူး။

Netizen တချို့ကတော့ Company ရဲ့ဆုံးဖြတ်ချက်ကမှန်ကန်ကြောင်းပြောကာထောက်ခံခဲ့ကြပေမယ့် တချို့ Netizen တွေကတော့ ဒီကိစ္စကတရားစွဲဖို့အထိမလိုအပ်ကြောင်းပြောဆိုခဲ့ကြပါတယ်။

Totoyo (Pop Channel)
Source: koreaboo