‘Dynamite’ နှင့်အတူ Music Show Win ခဲ့ပြန်တဲ့ BTS - Pop Channel

‘Dynamite’ နှင့်အတူ Music Show Win ခဲ့ပြန်တဲ့ BTS

အောက်တိုဘာ (၁၇) ရက်နေ့မှာပြုလုပ်ခဲ့တဲ့ ‘Music Core’ အစီအစဉ်မှာ BTS အဖွဲ့ရဲ့ ‘Dynamite’ က ပထမနေရာကိုရရှိခဲ့ပါတယ်။

ယခုတစ်ပတ်အတွက် ဆန်ခါတင်စာရင်းထဲမှာ BTS ရဲ့ ‘Dynamite’, BLACKPINK ရဲ့ ‘Lovesick Girls’ နှင့် B1A4 အဖွဲ့ဝင် Sandeul ရဲ့ ‘Slightly Tipsy’ တို့ပါဝင်ခဲ့တာဖြစ်ပြီး၊ ‘Dynamite’ က 10,127 မှတ်၊ ‘Lovesick Girls’ က 8,566 မှတ်၊ ‘Slightly Tipsy’ က 4,687 မှတ် အသီးသီးရရှိခဲ့ကြတာဖြစ်ပါတယ်။

BTS အတွက်ကတော့ ယခုတစ်ကြိမ်နဲ့ဆိုလျှင် ‘Dynamite’ နှင့်အတူ Music Show Win တာ (၁၉) ကြိမ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။

Congratulations BTS!

Pop Channel
Source: soompi