ကျန်းမာရေးပြဿနာကြောင့် ခေတ္တခဏအနားယူရမယ့် Jeongyeon - Pop Channel

ကျန်းမာရေးပြဿနာကြောင့် ခေတ္တခဏအနားယူရမယ့် Jeongyeon

အောက်တိုဘာ (၁၇) ရက်နေ့မှာ JYP Entertainment ရဲ့ကြေညာချက်အရ TWICE အဖွဲ့ဝင် Jeongyeon ဟာ စိတ်ပိုင်းဆိုင်ရာစိုးရိမ်ပူပန်မှု (Psychological Anxiety) ကိုခံစားနေရကြောင်းနဲ့ ဒီပြဿနာကို အဖွဲ့ဝင်တွေအားလုံးနဲ့တိုင်ပင်ဆွေးနွေးခဲ့တယ်လို့သိရှိရပါတယ်။

ဆွေးနွေးခဲ့ပြီးနောက်မှာတော့ Jeongyeon ဟာ ‘Eyes Wide Open’အတွက်ပြုလုပ်မယ့် Promotional Activity တွေမှာပါဝင်လာတော့မှာမဟုတ်ကြောင်း သိရှိရပါတယ်။

‘TWICE အဖွဲ့ဝင် Jeongyeon နဲ့ပတ်သက်ပြီး ပရိသတ်တွေကိုအသိပေးချင်တာလေးရှိလို့ပါ။

Jeongyeon ဟာ ယခုလောလောဆယ် စိတ်ပိုင်းဆိုင်ရာစိုးရိမ်ပူပန်မှု (Psychological Anxiety) ကိုခံစားနေရပါတယ်။ ဒါကြောင့် Jeongyeon နဲ့ TWICE အဖွဲ့ဝင်တွေအားလုံး
ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ကတော့ Jeongyeon ကိုလုံလုံလောက်လောက်အနားပေးဖို့အတွက် ကျွန်တော်တို့ဆုံးဖြတ်ခဲ့ကြပါတယ်။ လိုအပ်တဲ့ဆေးဝါးကုသမှုတွေကိုလည်း ကျွန်တော်တို့ပြုလုပ်ပေးသွားမှာပါ။

ဒါကြောင့် Jeongyeon ဟာ TWICE ရဲ့ Second Full Album အတွက်ပြုလုပ်မယ့် လှုပ်ရှားမှုတွေမှာ ပါဝင်လာနိုင်တော့မှာမဟုတ်ပါဘူး။ သူ့ရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးတော့လည်း ပရိသတ်တွေကိုအမြဲအသိပေးနေပါ့မယ်။ Jeongyeon တစ်ယောက်အမြန်နေကောင်းလာစေဖို့ ဝိုင်းဝန်းဆုတောင်းပေးကြပါဦး…’ – JYP Entertainment

Pop Channel
Source: soompi