ပြစ်မျိုးမှဲ့မထင် ချောမောလွန်းကြတဲ့ 1996 ခုနှစ်ဖွား Female Idol များ - Pop Channel

ပြစ်မျိုးမှဲ့မထင် ချောမောလွန်းကြတဲ့ 1996 ခုနှစ်ဖွား Female Idol များ

ယခုဖော်ပြသွားမယ့် Idol တွေမှာ တူညီကြတဲ့အချက်နှစ်ချက်ရှိပါတယ်။ အဲ့ဒါကတော့ အားလုံးက 1996 ခုနှစ်ဖွားတွေဖြစ်ကြပြီး အံ့ဩလောက်အောင် လှပလွန်းသူတွေဖြစ်နေကြတာပါပဲ။ သူတို့ဟာ သူတို့ရဲ့ချစ်စဖွယ်ရုပ်ရည်လေးများနဲ့ ပရိသတ်တွေရဲ့နှလုံးသားကို စွဲငင်ညို့ယူထားနိုင်ကြပြီး တစ်နေ့ထက်တစ်နေ့ ပိုမိုပြီး လူသိများအောင်မြင်လာနေကြသူတွေဖြစ်ပါတယ်။

(1) Jennie (BLACKPINK)

Jennie ဟာ 1996 ခုနှစ်ဖွားတစ်ဦးဖြစ်ပြီး စင်ပေါ်မှာညှို့ချက်တွေနဲ့ ပရိသတ်တွေကိုဖမ်းစားတတ်သူလေးပါ။ သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ ကြော့ကြော့မော့မော့ဟန်လေးတွေဟာ ကြောင်ဖြူလေးတစ်ကောင်ကို သတိရသွားစေပါတယ်။

(2) Joy (Red Velvet)

Joy ဟာ 1996 စက်တင်ဘာလမှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့လန်းဆန်းတက်ကြွနေတဲ့ပုံစံလေးနဲ့ အနီရောင်နဲ့အင်မတန်လိုက်ဖက်မှုတွေကြောင့် ‘ပန်းသီးလေး’ ဆိုတဲ့နာမည်ပြောင်ကို ပိုင်ဆိုင်ထားသူပါ။ ချစ်စဖွယ်အမူအကျင့်လေးတွေနဲ့ လန်းဆန်းနေတဲ့ အပြုံးလှလှလေးတွေဟာ ပုရိသတွေကို လက်နက်ချသွားစေနိုင်လောက်ပါတယ်။ Joy ရဲ့ နီနီရဲရဲနှုတ်ခမ်းလေးနဲ့ ဖြူဖြူဖွေးဖွေးအသားအရေတို့ဟာ စနှိုးဝှိုက်လေးအလားပါပဲ။

(3) Jeongyeon (TWICE)

Jeongyeonဟာ Entertainment Industryမှာ ဆံပင်တိုလေးနဲ့ စတင်ကျော်ကြားလာခဲ့ပြီး အမျိုးသမီးပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်ခဲ့သူပါ။ 2019 မှာတော့ comeback song “Fancy”ထဲမှာ သူ့ရဲ့မိန်းကလေးဆန်မှုကို အပြည့်အဝဖော်ပြပေးနေတဲ့ ဆံပင်ရှည်လေးတွေနဲ့ အမျိုးသားပရိသတ်တွေကို ထပ်မံဖမ်းစားခဲ့ပါတယ်။ Jeongyeonဟာ ဆွဲဆောင်မှုရှိပြီး ချစ်စဖွယ်ကောင်းလွန်းတာကြောင့် သူ့ရဲ့ပရိသတ်‌တွေကတော့ ချစ်မဝပါပဲ။

(4) Chungha

Chungha ဟာ Produce 101 ရဲ့ I.O.I အဖွဲ့ဝင်တစ်ဦးအဖြစ် စတင်ပွဲဦးထွက်ခဲ့ပြီး ယခုအချိန်မှာတော့ တစ်ကိုယ်တော်အဆိုတော်တစ်ဦးအဖြစ် အနုပညာလှုပ်ရှားမှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ ဒီအဆိုတော်မလေးဟာ ချောမောလွန်းတဲ့ရုပ်ရည်၊ ကျွမ်းကျင်ကောင်းမွန်လှတဲ့ အဆိုအကတွေနဲ့ ကိုရီးယားလူထုကြီးရဲ့ နှလုံးသားကို ဖမ်းယူနိုင်ခဲ့သူပါ။ လတ်တလောမှာ သူ့ရဲ့ Comeback “Snapping” အတွက် ရွှေရောင်ဆံပင်ဆိုးထားခဲ့ပြီး ပရိသတ်တွေက သူ့ရဲ့ပုံစံအသစ်ကို အရမ်းသဘောကျနေခဲ့ကြပါတယ်။

(5) Sana (TWICE)

Sana ဟာ 1996ခုနှစ် ဒီဇင်ဘာ 29 ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး အရုပ်မလေးလို မျက်နှာလေးကို ပိုင်ဆိုင်ထားသူပါ။ သူ့ရဲ့ လှပပြီး အပြစ်ကင်းစင်တဲ့ ချစ်စဖွယ်မျက်နှာလေးဟာ ပရိသတ်တွေကို ချစ်မဝဖြစ်နေစေခဲ့ပါတယ်။ သူ့ရဲ့ပုံစံဟာ Comic Characterတစ်ယောက်လိုပုံစံမျိုးဖြစ်ပြီး အရမ်းပြီးပြည့်စုံလွန်းတယ်လို့ လူတိုင်းနီးပါးလက်ခံထားကြပါတယ်။

Mona (Pop Channel)
Source: koreaboo