ITZY အဖွဲ့ဝင် Yeji ရဲ့ ဘဝဇာတ်ကြောင်း (ဆောင်းပါးရှည်) - Pop Channel

ITZY အဖွဲ့ဝင် Yeji ရဲ့ ဘဝဇာတ်ကြောင်း (ဆောင်းပါးရှည်)

Yeji ဟာ ITZY အဖွဲ့ရဲ့ Main Dancer, Leader တစ်ဦးအဖြစ် လူသိများတဲ့ K-Pop Idol တစ်ဦးဖြစ်ပါတယ်။ Yeji ဟာ ဒီလို အောင်မြင်တဲ့ K-Pop Idol တစ်ဦးအဖြစ်ရပ်တည်နိုင်ဖို့ကို ဘယ်သူမှထင်မှတ်မထားလောက်တဲ့ခရီးကြမ်းကိုဖြတ်ကျော်ခဲ့ရတာဖြစ်ပါတယ်။

May 26, 2000 ခုနှစ်မှာတော့ Hwang Yeji ဆိုတဲ့မိန်းကလေးကို တောင်ကိုရီးယားနိုင်ငံ Seoul မြို့မှာမွေးဖွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Jeonju ကို‌ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ Yeji ဟာ ငယ်စဉ်ကတည်းက အောင်မြင်တဲ့ကြယ်ပွင့်တစ်ပွင့်ဖြစ်လာဖို့ကို စိတ်ကူးယဉ်အိပ်မက်မက်ခဲ့ရသူတစ်ဦးဖြစ်ပါတယ်။

ယခုအချိန်မှာ Fourth generation ရဲ့ အကောင်းဆုံး Dance group တွေထဲကတစ်ခုရဲ့ Main dancer တစ်ဦးအဖြစ်ရပ်တည်နေခဲ့တဲ့ Yeji ဟာ ငယ်စဉ်အချိန်က အက ကရတာကိုလုံးဝမနှစ်သက်ခဲ့ပါဘူး။ Yeji ရဲ့အမေကတော့ သူ့သမီးရဲ့ ကိုယ်ထဲမှာကိန်းအောင်းနေတဲ့ အနုပညာစွမ်းရည်တွေကိုမြင်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် Yeji ဟာ အက ကရတာကိုမကြိုက်ပေမယ့်လည်း သူ့အမေရဲ့အားပေးတိုက်တွန်းမှုကြောင့် Dancing နဲ့ပတ်သက်ပြီး ရှိသင့်ရှိထိုက်တဲ့ Skill များကိုလေ့လာသင်ယူခဲ့ပြီး၊ သူ့အမေစိတ်ချမ်းသာဖို့အတွက် အကကိုကြိုးကြိုးစားစားနဲ့သင်ယူခဲ့ပါတယ်။

Yeji အမေအတွက်စိုးရိမ်စရာ ကိစ္စရပ်တစ်ရပ်ဟာ Yeji ဟာ အသက် (၈) နှစ်အရွယ်မှာပဲပေါ်ပေါက်လာခဲ့ပါတယ်။ အဲ့ဒါကတော့ Yeji ဟာ တုပ်ကွေးရောဂါတစ်မျိုးကိုအပြင်းအထန်ခံစားခဲ့ရတာပါ။ ဒီလိုရောဂါမျိုးကိုခံစားခဲ့ရတဲ့ ကလေးတော်တော်များများဟာ ပျောက်ကင်းသက်သာသွားတတ်ကြပေမယ့်လည်း Yeji ကတော့ ဘယ်လောက်ပဲဆေးကုသမှု ခံယူခဲ့ ခံယူခဲ့ သူ့ရဲ့ကျန်းမာရေးအခြေအနေဟာ တိုးတက်မလာခဲ့ပါဘူး။

တစ်နေ့မှာတော့ Yeji ရဲ့ကျန်းမာရေးအခြေအနေဟာ လုံးဝဆိုးရွားခဲ့တာကြောင့် သူ့ကို‌ဆေးရုံပို့ကာအရေးပေါ်ကုသမှုတွေပြုလုပ်ခဲ့ရပါတယ်။ Yeji တစ်ယောက် ဆေးရုံကုတင်ပေါ်မှာ သတိမေ့နေရာကနေပြန်နိုးလာတဲ့အချိန်မှာတော့ သူ့ရဲ့အမေကို မို့အစ်နေတဲ့မျက်လုံးတွေနဲ့ငိုထားတာကိုတွေ့ခဲ့ရပါတယ်။ Yeji အမေကတော့ သူ့သမီးလေးကို စိတ်မပူစေချင်တာကြောင့် မကြာခင်အားလုံးအဆင်ပြေသွားမှာပါဆိုပြီးတော့သာ လိမ်ခဲ့ရပါတယ်။ အမှန်မှာတော့ ထိုအချိန်မှာ Yeji ဟာ ဆရာဝန်တွေရဲ့ပြောကြားချက်အရ သူ့ဘဝရဲ့ နောက်ဆုံးအချိန်ကိုရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။

Yeji ကို Seoul မြို့မှာရှိတဲ့ အထူးဆေးရုံတစ်ရုံကိုရွှေ့ပြောင်းကာ ဆေးစစ်ချက်တွေပြုလုပ်လိုက်တဲ့အခါမှာတော့ Yeji ဟာ Pneumonia (အဆုတ်ရောင်ရောဂါ) ၊ Osteomyelitis ( အရိုးပွရောဂါ) စတဲ့ပြင်းထန်သောရောဂါ‌တွေ ခံစားနေရတာကိုသိရှိခဲ့ရပါတယ်။ Yeji တစ်ယောက် Jeonju မှာဆေးကုသမှုခံယူခဲ့စဉ်တုန်းက ဆရာဝန်တွေဟာ Yeji ကိုထိရောက်တဲ့ဆေးဝါးကုသပေးမှုတွေမပြုလုပ်ပေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် Seoul ကိုရောက်လာတဲ့အချိန်မှာတော့ Seoul က ဆရာဝန်တွေဟာ Yeji ရဲ့ရောဂါကိုအကောင်းဆုံးကုသပေးခဲ့ပြီး Yeji ဟာလည်း ယနေ့အချိန်မှာ ပရိသတ်တွေရဲ့အားပေးမှုနဲ့အတူရပ်တည်နေနိုင်တဲ့ K-Pop star တစ်ဦးဖြစ်လာခဲ့တာပါ။

Yeji ဟာ သူခံစားနေရတဲ့ရောဂါတွေအကုန်လုံးကို လုံးဝပျောက်ကင်းနိုင်ဖို့အတွက် (၁) နှစ်နီးပါးလောက်အချိန်ယူကုသခဲ့ရပါတယ်။ သူနေပြန်ကောင်းလာပြီးနောက်ပိုင်းမှာတော့ သူဆေးရုံကုတင်ပေါ်မှာနိုးလာခဲ့တဲ့နေ့က ဘာလို့အဲ့လောက်တောင်ငိုနေခဲ့တာလဲဆိုပြီး သူ့အမေကိုမေးမြန်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Yeji အမေဟာ အဲ့ဒီနေ့တုန်းက ဆရာဝန်ကသူ့ကိုအဆိုးဆုံးတွေအတွက်ကြိုတင်ပြင်ဆင်ထားဖို့နဲ့ Yeji အတွက်အသက်ရှင်နိုင်မယ့်နည်းလမ်းမရှိတော့ကြောင်း ပြောခဲ့တာတွေကို Yeji အားပြန်လည်ပြောပြခဲ့ရပါတယ်။

Yeji ဟာ သူ့အသက် 15 နှစ်အရွယ်မှာတုန်းက tvN ကထုတ်လွှင့်ခဲ့တဲ့ “Twenty Again” ဆိုတဲ့ Drama မှာ Cameo တစ်ဦးအဖြစ်ပါဝင်ခဲ့ပါတယ်။ 2015 ခုနှစ်နောက်ပိုင်းမှာတော့ Yeji ဟာ JYP Entertainment ရဲ့ Audition ကို TWICE ရဲ့ Debut song ဖြစ်တဲ့ “Like Ooh-Ahh” နဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ Yeji ဟ Audition ကိုအောင်မြင်ခဲ့ပြီး 2016 ခုနှစ်မှာတော့ JYP Entertainment ရဲ့ Trainee တစ်ဦးဖြစ်လာခဲ့ပါတယ်။ ထိုအချိန်က 16 နှစ်အရွယ်သာရှိသေးတဲ့ Yeji ဟာ JYPE ကိုတတိယမြောက်ရောက်ရှိလာခဲ့တဲ့ ITZY ရဲ့အဖွဲ့ဝင်ပဲဖြစ်ပါတယ်။

Yeji တစ်ယောက် JYP ကိုစတင်ရောက်ရှိလာတဲ့အချိန်မှာတော့ 15 နှစ်အရွယ် Chaeryeong နဲ့ Ryujin တို့ဟာ Training ဆင်းနေကြပြီဖြစ်ပါတယ်။ Yeji က သူ Entertainment ကိုစရောက်တဲ့နေ့မှာပဲ Ryujin ဟာ နွေးနွေးထွေးထွေးနဲ့ဆက်ဆံပေးခဲ့ကြောင်းကိုဖွင့်ဟဖူးပါတယ်။

အသက် (၁၃) နှစ်အရွယ် Yuna ဟာ JYP ကိုထပ်မံရောက်ရှိလာခဲ့ပြီး Yeji ဟာလည်း သူ့ကို Ryujin စောင့်ရှောက်ပေး‌ခဲ့သလိုမျိုး Yuna အား ပြန်လည်ဂရုစိုက်ပေးခဲ့ပါတယ်။ Trainee တိုင်းအတွက် Training ဆင်းရတာဟာမလွယ်ကူပေမယ့်လည်း Yeji ကတော့ အဖွဲ့ဝင်တွေရဲ့ချစ်ခင်ကြင်နာမှုကိုအပြည့်အဝရရှိခဲ့တာကြောင့် ထိုအချိန်တွေကိုအဆင်ပြေစွာပဲ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။

Yeji ဟာ SBS ရဲ့ Reality show တစ်ခုဖြစ်တဲ့ “The Fan” မှာ 2018 ခုနှစ်တုန်းကပါဝင်ခဲ့ဖူးပါတယ်။ 2019 ခုနှစ် January လအရောက်မှာတော့ JYP Entertainment ကနေ ITZY အဖွဲ့ရဲ့
lineup ကိုကြေညာပေးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Yeji ဟာ ITZY ရဲ့ Main dancer, lead vocalist, sub rapper နဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦးအဖြစ် မိတ်ဆက်ပေးခြင်းခံခဲ့ရပါတယ်။

Yeji တစ်ယောက် အခက်အခဲများစွာကို အကောင်း‌ဆုံးကျော်ဖြတ်ကာ (3) နှစ်ခန့် Training ဆင်းပြီးနောက် February 12, 2019 မှာတော့ ITZY ရဲ့အဖွဲ့ဝင်တစ်ဦးအဖြစ် “DALLA DALLA” ဆိုတဲ့သီချင်းနဲ့အတူပွဲဦးထွက်လာနိုင်ခဲ့ပါတယ်။ ပွဲဦးထွက်လာပြီးနောက် ITZY အဖွဲ့ဟာလည်း “Grand Slam Rookie” ဆုကိုထိုက်ထိုက်တန်တန်ရရှိခဲ့ပါသေးတယ်။

Yeji အကြောင်းအနှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ Yeji ဟာ သူ့ရဲ့ Generation မှာ အတော်ဆုံး Dancer တွေထဲကတစ်ယောက်ဖြစ်တဲ့အထိ အကောင်းဆုံးကြိုးစားနေတဲ့ တောက်ပတဲ့ K-Pop ကြယ်တစ်ပွင့်ပဲဖြစ်ပါတယ်။

Totoyo (Pop Channel)
Source: koreaboo