'Most Beautiful and Handsome Faces' စာရင်းမှာ နံပါတ် (၁) နေရာကိုရရှိခဲ့ဖူးတဲ့ K-Pop Idol များ - Pop Channel

‘Most Beautiful and Handsome Faces’ စာရင်းမှာ နံပါတ် (၁) နေရာကိုရရှိခဲ့ဖူးတဲ့ K-Pop Idol များ

TC Candler and the Independent Critics ရဲ့စစ်တမ်းတွေကနေတစ်ဆင့် ထုတ်ပြန်ပေးနေကြဖြစ်တဲ့ “100 Most Beautiful and Handsome Faces” ဆိုတဲ့ Ranking ကတော့ ကမ္ဘာတစ်ဝှမ်းမှာအတော်လေး နာမည်ကျော်ကြားတဲ့ Ranking တစ်ခုဖြစ်ပါတယ်။

အလှအပစံချိန်စံနှုန်းတွေနဲ့ပြည့်မီတဲ့ Artist တွေပေါ်ထွက်လာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ TC Candler ကနေ 1990 ခုနှစ်မှာ Launche လုပ်ပေးလိုက်တဲ့ အဆိုပါ Ranking ဂာဆိုရင် လူကြိုက်များတဲ့ Ranking တွေထဲမှာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

အရင်တုန်းကဆိုရင် အဆိုပါ Ranking မှာ American, British နဲ့ Australian artist တွေကသာအလွှမ်းမိုးနိုင်ဆုံးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နှစ်တွေအတော်ကြာလာတဲ့နောက်မှာတော့ ကမ္ဘာတစ်ဝန်းမှာ K-Pop, K-Drama နှင့် K-Movie တွေခေတ်စားလာတာနဲ့အမျှ Korean artist တွေကလည်း အဆိုပါ “100 Most Beautiful and Handsome Faces in The World” Ranking မှာပါဝင်လာနိုင်ခဲ့ကြပါတယ်။

အဆိုပါ Ranking မှာဆိုရင် Korean artist တွေဟာ Top 30, Top 20, Top 10…စသည်ဖြင့် အဆင့်ဆင့်ပါဝင်လာနိုင်ခဲ့ကြပြီး ယခုဆိုရင် နံပါတ် 1 နေရာကိုပါရပ်တည်နိုင်ခဲ့တဲ့ Korean artist တွေလည်းပေါ်ပေါက်လာခဲ့ပြီဖြစ်ပါတယ်။ ယခုတစ်ခါမှာတော့ “100 Most Beautiful and Handsome Faces in The World” ရဲ့နံပါတ် 1 နေရာကိုအရယူနိုင်ခဲ့ကြတဲ့ K-Pop Idol တွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

  • After School အဖွဲ့ဝင် Nana (2014-2015)

Nana ကတော့ After School ရဲ့အဖွဲ့ဝင်ဖြစ်ပြီး Sub-unit ဖြစ်တဲ့ Orange Caramel ရဲ့အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ Nana ဟာ “100 Most Beautiful and Handsome Faces” ရဲ့နံပါတ် 2 နေရာကို 2013 ခုနှစ်ကရပ်တည်နိုင်ခဲ့ပါတယ်။

အဲ့ဒီနောက် 2014 အရောက်မှာတော့ Nana ဟာ ထိုစာရင်းထဲမှာပါဝင်တဲ့ Artist ပေါင်းအယောက်တစ်ရာရဲ့ထိပ်ဆုံး နံပါတ် 1 နေရာကို 2 နှစ်ဆက်တိုက်အရယူနိုင်ခဲ့ပါတယ်။ Nana ကတော့ မိတ်ကပ် Artist တစ်ဦးအဖြစ်လည်းလုပ်ကိုင်တဲ့အပြင် 2009 ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ Asia Pacific Super Model Contest မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။

  • TWICE အဖွဲ့ဝင် Tzuyu (2019)

2015 ခုနှစ်မှာ TWICE အဖွဲ့ ပွဲဦးထွက်လာပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ Tzuyu ဟာ “100 Most Beautiful and Handsome Faces” ရဲ့ အဆင့် 13 နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက Tzuyu ဟာ တက်သစ်စသာသာ သာရှိသေးပေမယ့်လည်း သူ့ရဲ့အလှကြောင့် ထို Ranking ထဲကိုဝင်ရောက်နိုင်ခဲ့တာဟာ သူ့အတွက်တော့တကယ်ကို ကြီးမားတဲ့အောင်မြင်မှုတစ်ခုပါပဲ။

2016, 2017 နဲ့ 2018 ခုနှစ်များမှာလဲ Tzuyu ဟာ အဆိုပါ Ranking ရဲ့ အဆင့် 8, အဆင့် 3 နဲ့ အဆင့် 2 နေရာတို့ကနေ ရပ်တည်နိုင်ခဲ့ပြန်ပါတယ်။ အဲ့ဒီနောက် Tzuyu ရဲ့ Visual လွှမ်းမိုးနိုင်မှုဟာ ကမ္ဘာတစ်ဝှမ်းကပရိသတ်တွေဆီအထိပါ ပျံ့နှံ့သွားခဲ့ပြီး Tzuyu ဟာလည်း 2019 ခုနှစ်ရဲ့ “Most Beautiful Face” ပိုင်ရှင်ဖြစ်လာခဲ့ပါတယ်။

  • BTS အဖွဲ့ဝင် V (2017)

TC Candler ဟာ ပရိသတ်တွေရဲ့တောင်းဆိုချက်အရ “100 Most Handsome Faces” ဆိုတဲ့ List ကို 2013 ခုနှစ်မှာ ထပ်မံဖန်တီးပြုလုပ်ခဲ့ပါတယ်။ 2017 ခုနှစ်မှာတော့ BTS အဖွဲ့ဝင် V ဟာ “100 Most Beautiful and Handsome Faces” ဆိုတဲ့ Ranking မှာ အဆင့် 1 နေရာကနေရပ်တည်ပြီး “Most Handsome Face” ပိုင်ရှင်ဖြစ်ခဲ့ပါတယ်။

  • BTS အဖွဲ့ဝင် Jungkook (2019)

BTS အဖွဲ့ရဲ့ Golden Maknae တစ်ဦးဖြစ်သလို Golden voice ကိုပိုင်ဆိုင်ထားတဲ့ Jungkook ကတော့ Golden Visual ကိုလည်းပိုင်ဆိုင်ထားပြန်ပါတယ်။ ဒါ့ကြောင့် Jungkook ဟာ “100 Most Beautiful and Handsome Faces” ထဲကို အဆင့် 50 နေရာကနေ 2016 ခုနှစ်မှာဝင်ရောက်နိုင်ခဲ့ပြီး၊ 2017 ခုနှစ်မှာတော့ အဆင့် 13 နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။

Jungkook ဟာ 2019 ခုနှစ်မှာတော့ အဆိုပါ Ranking ထဲကိုပါဝင်နိုင်ခဲ့တဲ့ Artist ပေါင်း
အယောက် 100 ထဲမှာမှ “Most Handsome Face” ပိုင်ရှင်ဖြစ်လာခဲ့ပါတယ်။

Totoyo (Pop Channel)
Source: kpopstarz