ရုပ်ရည်ချောမောလွန်းတာကြောင့် K-Pop ပရိသတ်တွေကြားမှာရေပန်းစားနေတဲ့ Idol တွေရဲ့ Sister များ - Pop Channel

ရုပ်ရည်ချောမောလွန်းတာကြောင့် K-Pop ပရိသတ်တွေကြားမှာရေပန်းစားနေတဲ့ Idol တွေရဲ့ Sister များ

K-Pop Idol တွေဟာ သူတို့ကိုယ်တိုင်က ပြည့်စုံတဲ့ Visual တွေကိုပိုင်ဆိုင်ထားရုံမက မိသားစုဝင်တွေကပါ Visual နဲ့ပတ်သက်ရင်ပြည့်စုံလွန်းကြပါတယ်။ ယခုဖော်ပြပေးသွားမယ့် K-Pop Idol တွေရဲ့ ညီမ/အစ်မ တွေကတော့ ရုပ်ချောလွန်းတာကြောင့် K-Pop ပရိသတ်များကြားမှာ ရေပန်းစားလျက်ရှိနေကြသူတွေဖြစ်ပါတယ်။

  • WINNER Mino’s Sister Song Danah

Song Danah ကိုတော့ ဝါရင့် K-Pop ပရိသတ်များက ပိုမိုသိကြပါလိမ့်မယ်။ Song Danah ဟာ 2011 မှာ New F.O. ဆိုတဲ့အဖွဲ့နဲ့ ပွဲဦးထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ထိုအဖွဲ့ကတော့ 2012 ခုနှစ်ကတည်းက Disband ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။ Song Danah ဟာ WINNER အဖွဲ့ဝင် Mino ရဲ့ ညီမလေးတစ်ယောက်ပဲဖြစ်ပါတယ်။

  • CL’s Sister Lee Harin

Lee Harin ကတော့ ရုပ်ရည်ချောမောရုံသာမက ဉာဏ်လည်းအတော်ကောင်းတဲ့ CL ရဲ့ ညီမလေးပဲဖြစ်ပါတယ်။ Lee Harin ဟာ CL ရဲ့ညီမလေးဖြစ်နေတဲ့အပြင် ကျောင်းမှာလည်း စာတော်လွန်းတာကြောင့် K-Pop ပရိသတ်တွေကြားမှာလူသိများပါတယ်။

  • iKON Junhoe’s Sister Koo Yejin

iKON အဖွဲ့ဝင် Junhoe ရဲ့ အစ်မဖြစ်သူ Koo Yejin ကတော့ တကယ်ကိုလှတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ Yejin ဟာ ရုပ်သံထုတ်လွှင့်မှုတစ်ခုမှာ Park Bom ရဲ့ “You and I” သီချင်းကိုသီဆိုပြခဲ့ဖူးပြီး သူ့ရဲ့ရုပ်ရည်အပြင် ပြီးပြည့်စုံတဲ့အသံကိုပါပေါ်လွင်စေခဲ့ပါတယ်။

  • BLACKPINK Jisoo’s Sister Kim Ji Yoon

BLACKPINK အဖွဲ့ဝင် Jisoo ရဲ့ အစ်မဖြစ်သူ Kim Ji Yoon ဟာ သူ့ရဲ့လှပလွန်းတဲ့ ရုပ်ရည်နဲ့ ကျော့ရှင်းလွန်းတဲ့ အလှကြောင့် K-Pop ပရိသတ်တွေကြားမှာအတော်လေး ရေပန်းစားသူတစ်ယောက်ဖြစ်ပါတယ်။

  • iKON Yunhyeong’s Sister Song Eunjin

Eunjin ကတော့ iKON အဖွဲ့ဝင် Yunhyeong ရဲ့ညီမလေးဖြစ်ပါတယ်။ Eunjin ဟာလည်း ချောမောလှတဲ့ သူ့ရဲ့ Visual ကြောင့် K-Pop ပရိသတ်တွေကြားမှာရေပန်းစားသူတစ်ဦးဖြစ်ပါတယ်။

  • EXO Chanyeol’s Sister Park Yoora

Park Yoora ဟာ အောင်မြင်တဲ့ Announcer တစ်ဦးအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေပြီး၊ EXO အဖွဲ့ဝင် Chanyeol ရဲ့ အမပဲဖြစ်ပါတယ်။

  • SEVENTEEN Vernon Sister’s Sofia Chwe

SEVENTEEN အဖွဲ့ဝင် Vernon ရဲ့ညီမလေး Sofia Chwe ကတော့ တော်ဝင်မင်းသမီးလေးတစ်ပါးလို လှပလွန်းတဲ့ရုပ်ရည်ကြောင့် K-Pop ပရိသတ်တွေကြားမှာ လူကြိုက်များသူတစ်ယောက်ဖြစ်ပါတယ်။

  • 2PM Nickhun’s Sister Nachjaree Horvejkul

Thai Prince of K-pop လို့တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ 2PM အဖွဲ့ဝင် Nickhun မှာတော့ Nachjaree Horvejkul လို့ခေါ်တဲ့ Sister တစ်ယောက်ရှိပါတယ်။ Nachjaree Horvejkul ကတော့ လူကြိုက်များတဲ့ နာမည်ကျော်ထိုင်းမင်းသမီးတစ်ဦးဖြစ်ပါတယ်။

  • Apink Son Naeun’s Sister Son Sa Eun

Son Sa Eun ဟာ Naeun ရဲ့ အငယ်ဆုံးညီမလေးဖြစ်ပြီးတော့ K-Pop ပရိတ်သတ်တွေကြားမှာ ရေပန်းစားရုံသာမက အားကစားချစ်ခင်သူတွေရဲ့ အားပေးနှစ်သက်မှုကိုပါရရှိထားတဲ့ Professional Golfer တစ်ဦးလည်းဖြစ်ပါတယ်။

  • BLACKPINK Rosé’s Sister Alice Park

BLACKPINK အဖွဲ့ဝင် Rosé ရဲ့အစ်မဖြစ်သူ Alice Park ကတော့ သူ့ရဲ့ ပြီးပြည့်စုံတဲ့ Visual ကြောင့် BLINK တွေကြားမှာအထူးရေပန်းစားတဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။

  • BTS J-Hope’s Sister Jung Da Won

BTS အဖွဲ့ဝင် J-Hope ရဲ့အမဖြစ်သူ Jung Da Won ကတော့ Model, designer နဲ့ influencer တစ်ဦးအဖြစ် လူသိများသူတစ်ဦးဖြစ်ပါတယ်။

  • TXT Huening Kai’s Sisters Lea & Bahiye

Huening Kai ရဲ့ Sister တွေကတော့နတ်သမီးလေးတွေအတိုင်းကိုချောမောလှတဲ့သူတွေဖြစ်ပါတယ်။ Huening Kai ရဲ့အစ်မဖြစ်သူ Lea ဟာ Viva လို့အမည်ရတဲ့ K-Pop group တစ်ခုရဲ့အဖွဲ့ဝင်ဖြစ်ပြီး၊ ညီမဖြစ်သူ Bahiye ကတော့ YG ရဲ့ Audition ကိုဝင်ပြိုင်ထားပြီး Idol တစ်ဦးဖြစ်ဖို့ကြိုးစားလျက်ရှိပါတယ်။

  • GOT7 BAMBAM Sister Baby

GOT7 အဖွဲ့ဝင် BAMBAM ရဲ့ညီမလေး Baby ကတော့ ရိုးသားပြီးလှပတဲ့မျက်နှာမျိုးကိုပိုင်ဆိုင်ထားပြီး BAMBAM ပရိသတ်တွေရဲ့ချစ်ခင်မှုကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

Totoyo (Pop Channel)
Source: kpopstarz