တန်ဖိုးကြီးပေ့ဆိုတဲ့ Jewelry တွေနဲ့ Accessory တွေကိုဝတ်ဆင်ခဲ့ကြတဲ့ Female Idol များ - Pop Channel

တန်ဖိုးကြီးပေ့ဆိုတဲ့ Jewelry တွေနဲ့ Accessory တွေကိုဝတ်ဆင်ခဲ့ကြတဲ့ Female Idol များ

ယခုတစ်ခါမှာတော့ သူတို့ရဲ့ လှပတင့်တယ်မှုတွေနဲ့အတူ ထိုအလှတရားများကိုပိုမိုဝင့်ထည်စေခဲ့တဲ့ တန်ဖိုးအကြီးဆုံး လက်ဝတ်ရတနာများကိုဆင်မြန်းခဲ့ကြတဲ့ Female Idol 5 ယောက်ကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ယခုဖော်ပြပေးမယ့် Female Idol 5 ယောက်ကိုတော့ သူတို့ဝတ်ဆင်ခဲ့ဖူးတဲ့ လက်ဝတ်ရတနာတွေနဲ့ Accessory တွေအပေါ်မူတည်ပြီးတော့ စီစစ်ရွေးချယ်ထားတာဖြစ်ပါတယ်။

  • BLACKPINK အဖွဲ့ဝင် Jennie

ပရိသတ်တွေက “Human Chanel” လို့တင်စားခေါ်ရလောက်တဲ့အထိ Fashion လောကကိုပါလွှမ်းမိုးထားနိုင်တဲ့ BLACKPINK အဖွဲ့ဝင် Jennie ဟာဆိုရင် ဒီစာရင်းရဲ့ Top 5 ထဲကိုပါဝင်လာခဲ့ပါတယ်။

Jennie တစ်ယောက် “How You Like That” Music Video ထဲမှာဝတ်ဆင်ခဲ့တဲ့ လည်ဆွဲဟာဆိုရင် ရွှေဖြူနဲ့စိန်တို့ကိုအသုံးပြုကာပြုလုပ်ထားတဲ့လည်ဆွဲတစ်ခုဖြစ်ပြီး $77,700 USD (မြန်မာငွေကျပ်သိန်းပေါင်း ၁၀၀၀ ကျော်) တန်ဖိုးရှိပါတယ်။

  • Red Velvet အဖွဲ့ဝင် Irene

Red Velvet အဖွဲ့ရဲ့ Main visual တစ်ဦးဖြစ်သလို အဖွဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ Irene ကတော့ 2019 KBS ဂီတပွဲတော်မှာ အစီအစဉ်တင်ဆက်သူတစ်ဦးအဖြစ်ပါဝင်ရင်းနဲ့ ပရိသတ်တွေရဲ့အထူးအာရုံစိုက်မှုကိုရရှိခဲ့ပါတယ်။ ထိုပွဲမှာဆိုရင် Irene ဟာ အနက်ရောင် Outfit နဲ့အတော်လေးဂန္တဝင်ဆန်ဆန်လှပနေခဲ့တာပါ။

ပရိသတ်တွေဟာ Irene ရဲ့ကြော့ရှင်းတဲ့အလှအပြင် ထိုအလှကိုပိုမိုပေါ်လွင်စေခဲ့တဲ့ Irene ရဲ့လည်တိုင်က လည်ဆွဲကိုပါသတိထားမိခဲ့ကြပါတယ်။ ထိုလည်ဆွဲရဲ့ဈေးနှုန်းဟာဆိုရင်တော့ $232,000 (မြန်မာငွေကျပ်သိန်းပေါင်း ၃၂၀၀ ကျော်) အထိတန်ဖိုးကြီးပါတယ်။

  • Red Velvet အဖွဲ့ဝင် Joy

July လ 25 ရက်နေ့မှာကျင်းပခဲ့တဲ့ 26 ကြိမ်မြောက် Dream Concert ပွဲကိုတက်ရောက်ခဲ့တဲ့ Joy ဟာဆိုရင် ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုအထူးရရှိခဲ့ပါတယ်။ ဒါ့အပြင် ထိုပွဲမှာ Joy တစ်ယောက်ဝတ်ဆင်လာခဲ့တဲ့ လက်ဝတ်ရတနာတန်ဖိုးတွေဟာလည်း ပရိသတ်တွေကို လက်ဖျားခါသွားစေခဲ့ပြန်ပါတယ်။

Joy ဟာ နာမည်ကြီးလက်ဝတ်ရတနာ Brand တစ်ခုဖြစ်တဲ့ Tasaki က Spinner collection ကိုဆင်းမြန်းလာခဲ့တာဖြစ်ပါတယ်။ Joy ရဲ့လည်ဆွဲဟာဆိုရင် $ 374,364 USD (မြန်မာငွေကျပ်သိန်းပေါင်း ၅၂၀၀ ကျော်) တန်ဖိုးရှိပြီး၊ နားကပ်ကတော့ $ 52,759 USD (မြန်မာငွေကျပ်သိန်းပေါင်း ၇၀၀ ကျော်) အထိတန်ဖိုးရှိပါတယ်။

  • Girls’ Generation အဖွဲ့ဝင်ဟောင်း Jessica Jung

Girls’ Generation ရဲ့အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ Jessica Jung ဝတ်ဆင်ခဲ့ဖူးတဲ့လည်ဆွဲဟာဆိုရင်လည်း တန်ဖိုးမသေးလှပါဘူး။ 2018 ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ Cannes ရုပ်ရှင်ပွဲတော်ကို တက်ရောက်ခဲ့တဲ့ Jessica Jung ရဲ့လည်တိုင်မှာနေရာယူထားတဲ့လည်ဆွဲရဲ့တန်ဖိုးကတော့ $824,700 USD ( မြန်မာငွေကျပ်သိန်းပေါင်း ၁ သောင်း ၉ ရာကျော်) တန်ဖိုးရှိပါတယ်။

  • BLACKPINK အဖွဲ့ဝင် Rosé

BLACKPINK ရဲ့ Main Vocalist တစ်ဦးဖြစ်တဲ့ Rosé ဟာဆိုရင်လည်း အကောင်းဆုံးဆိုတဲ့အရာတွေနဲ့ပဲထိုက်တန်တဲ့ Fashion icon တစ်ဦးဖြစ်ပါတယ်။ မကြာသေးမီက Rosé ဟာ W Korea magazine အတွက်ရိုက်ကူးပေးတဲ့ Photoshoot မှာ နာမည်ကြီး လက်ဝတ်ရတနာ Brand တစ်ခုဖြစ်တဲ့ “TIFFANY&CO” ရဲ့ “Blue Book 2019 Collection” မှ လက်ဝတ်ရတနာတွေကိုဆင်မြန်းခဲ့ပါတယ်။

ထိုလက်ဝတ်ရတနာတွေထဲကမှ Rosé ဝတ်ဆင်ခဲ့တဲ့ လည်ဆွဲရဲ့ဈေးနှုန်းဂာဆိုရင် အတော်လေးတန်ဖိုးကြီးမားလှပါတယ်။ နီလာနဲ့ မြကျောက်ရတနာတို့ကိုထည့်သွင်းထားပြီး လည်ဆွဲပတ်ပတ်လည်မှာ စိန်တွေနဲ့ထပ်မံစီခြယ်ထားတဲ့ Rosé ရဲ့ အဆိုပါလည်ဆွဲကတော့ $885,000 USD ( မြန်မာငွေကျပ်သိန်းပေါင်း ၁ သောင်း ၁ ထောင့် ၇ ရာကျော်) တန်ဖိုးရှိပါတယ်။

Totoyo (Pop Channel)
Source: kpopstarz