မိန်းကလေးတွေရဲ့ အသည်းကို ဖမ်းစားနိုင်လွန်းလို့ Oppa လို့ ပရိသတ်တွေရဲ့ ချစ်စနိုးခေါ်တာကို ခံရတဲ့ တောင်ကိုရီးယားအမျိုးသမီးအနုပညာရှင်များ - Pop Channel

မိန်းကလေးတွေရဲ့ အသည်းကို ဖမ်းစားနိုင်လွန်းလို့ Oppa လို့ ပရိသတ်တွေရဲ့ ချစ်စနိုးခေါ်တာကို ခံရတဲ့ တောင်ကိုရီးယားအမျိုးသမီးအနုပညာရှင်များ

ယခုဖော်ပြပေးမယ့် အနုပညာရှင်တွေကတော့ ချစ်ဖို့လည်းကောင်း လှလည်းလှတဲ့အပြင် သူတို့ရဲ့ အရည်အချင်းနဲ့ ကိုယ်ရည်ကိုယ်သွေးတွေကြောင့် မိန်းကလေးတွေဖြစ်ပေမယ့် အမျိုးသမီးပရိသတ်တွေရဲ့ အသည်းကို ဖမ်းစားနိုင်တဲ့သူတွေပါ။ အဲ့ဒီကြောင့် Girl Crush Aura အပြည့်နဲ့ သူတို့ကို မိန်းကလေးပရိသတ်တွေက Oppa လို့ ချစ်စနိုးခေါ်ကြပါတယ်။

BLACKPINK အဖွဲ့ဝင် Lisa

Lisa ဟာ အဖွဲ့ထဲမှာ အသက်အငယ်ဆုံး အဖွဲ့ဝင်ဖြစ်ပြီး အရမ်းချစ်ဖို့ကောင်းတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် စင်မြင့်ပေါ်မှာ ဖျော်ဖြေမှုတွေ ပြုလုပ်တဲ့အခါမှာ အရမ်းကို Charisma အပြည့် ဆွဲဆောင်မှုအပြည့်နဲ့ မိန်းကလေးပရိသတ်တွေကို ရင်ခုန်အောင် လုပ်နိုင်စွမ်းရှိပါတယ်တဲ့။ အခြားတစ်ဖက်မှာလဲ ရှည်လျားလှပတဲ့ သူရဲ့ ခြေတံရှည်နဲ့ ပျော်ပျော်နေတတ်ပြီး တလွဲလုပ်လေ့ရှိတဲ့ သူရဲ့ ချစ်ဖို့ကောင်းတဲ့ အကျင့်ကြောင့် မိန်းကလေးပရိသတ်တွေမှာ သူ့အပေါ် ကြွေဆင်းနေရတာ ခဏခဏပါပဲ။ အထူးသဖြင့် ပွဲဦးထွက်ခါစ Bombayah နဲ့ WHISTLE Era တွေမှာ ပရိသတ်တွေက သူ့ကို Lisa Oppa ဆို ချစ်စနိုးခေါ်ခဲ့ကြပါတယ်။ Youth with you ပြိုင်ပွဲအစီအစဉ်မှာ Mentor လုပ်ခဲ့တုန်းက အချိန်ကိုပြန်ကြည့်ရင် Lisa ကို ဘာလို့ ပရိသတ်တွေက အဲ့လိုခေါ်ရတာလဲ ဆိုတာကို နားလည်နိုင်မှာပါ။

Lee Joo-Young

Itaewon Class ဇာတ်လမ်းတွဲနဲ့ ကမ္ဘာတစ်ဝန်းက မိန်းကလေး ပရိသတ်တွေရဲ့ နှလုံးသားကို လှုပ်ခတ်စေခဲ့တဲ့သူကတော့ Lee Joo-Young ပါပဲ။ သူ့ရဲ့ ဆံပင်စတိုင်ဟာ သူနဲ့ လိုက်ဖက်လွန်းလို့ မိန်းကလေးပရိသတ်တွေက လိုက်ပြီးညှပ်ချင်ကြတဲ့ အထိပါပဲ။ ဆံပင်အတိုဆိုရင် ဘယ်စတိုင်လ်ပဲ ဖြစ်ဖြစ်သူနဲ့ လိုက်ပြီးသားလို့တောင် ပြောစမှတ်ပြုကြရပါတယ်။ တစ်ဖက်မှာလဲ သူ့ရဲ့ ပေါ့ပေါ့ပါးပါးဝတ်ဆင်တတ်တဲ့ ဖက်ရှင်နဲ့ ယောင်္ကျားလေးတွေထက် ပိုပြီး ခံ့ညားတဲ့ မျက်နှာကြောင့် ပရိသတ်တွေက သူ့ကို Oppa လို့ချစ်စနိုးခေါ်ကြပါတယ်။

MAMAMOO အဖွဲ့ဝင် Moonbyul

MAMAMOO အဖွဲ့ဝင် Moonbyul ဆိုရင် ပြောနေစရာတောင် လိုမယ့်မထင်ပါဘူး။ Boylish ဆန်တဲ့ ဖက်ရှင်၊ အပြုအမူတွေနဲ့ မိန်းကလေး ပရိသတ်တွေရဲ့ အသည်းကို ခဏခဏ ခြွေနေတဲ့သူမှန်း အားလုံးက သိပြီးသားဖြစ်ကြမှာပါ။ အဲ့ဒါကြောင့်လည်း မိန်းကလေးပရိသတ်တွေရဲ့ Oppa လို့ ခေါ်တာကို ခံရတာပါပဲ။ ဒီလိုမျိုး Boylish ဖြစ်တဲ့ သူဟာ Girly ဖြစ်တဲ့ အပြင်အဆင်နဲ့ အဝတ်အစားကို ဝတ်ဆက်လိုက်တဲ့ အချိန်တိုင်းမှာ မိန်းကလေးပရိသတ်တွေက အားကျရတဲ့ ဆွဲဆောင်မှုအပြည့်နဲ့ မိန်းမလှလေးဖြစ်သွားတတ်ပြန်ပါတယ်။ ဒီလို ဘယ်ပုံစံမျိုးနဲ့ မဆိုလိုက်ဖက်တဲ့သူတစ်ယောက်ကို ဘယ်သူက မကြိုက်ပဲ ရှိပါ့မလဲနော်။

f(x) အဖွဲ့ဝင် Amber

Girl Group အဖွဲ့ဝင်ဆိုရင် မိန်းကလေးဆန်နေရမယ်။ အပြုအမူတွေက သိပ်မွေ့နေရမယ် စတဲ့ သတ်မှတ်ချက်တွေကို အဦးဆုံး ရိုက်ချိုးပြခဲ့တဲ့ အနုပညာရှင်ဟာ Amber ပါ လို့ ပြောရင် ငြင်းမယ့်သူ ရှိမယ် မထင်ပါဘူး။ အထူးသဖြင့် အမျိုးသမီး Idol တွေကို ပွဲဦးထုတ်ပေးလိုက်တိုင်း နာမည်ကြီးအောင် လုပ်ပေးနိုင်ပြီး National Girl Group ဆိုပြီး တင်စားခေါ်ဆိုကြအောင် လုပ်ပေးနိုင်တဲ့ SM Entertainment ကနေပြီး Amber ကို ပွဲဦးထုတ်ပေးခဲ့တာက K-Pop အနုပညာလောကကို ရိုက်ခတ်စေခဲ့တာပါ။ ဒါပေမယ့်လည်း မိန်းကလေးပရိသတ်တွေကတော့ တမူထူးခြားတဲ့ Amber ရဲ့ ဖက်ရှင်ကို သဘောကျခဲ့ကြပြီး Oppa လို့ ချစ်စနိုးခေါ်ခဲ့ကြပါတယ်။

TWICE အဖွဲ့ဝင် Jeongyeon

SNL ရဲ့ ဟာသဗီဒီယို အတိုမှာတောင် Jeongyeon ကို မိန်းကလေးတွေ သဘောကျရတဲ့ သူတစ်ယောက်အဖြစ် ပုံဖော်ရလောက်တဲ့အထိ နာမည်ကြီးတဲ့ သူ့ရဲ့ လွှမ်းမိုးနိုင်စွမ်းဟာ Jeongyeon ရဲ့ မျက်နှာသွင်ပြင်၊ ခံ့ညားမှုတွေနဲ့ လိုက်ဖက်လွန်းပါတယ်။ မိန်းကလေးပရိသတ်တွေဟာ Jeongyeon တစ်ယောက်သူတို့ကို ပြုံးပြလိုက်ရင် ရင်ခုန််တတ်လွန်းလို့ Jeongyeon Oppa လို့ ချစ်စနိုးနဲ့ စနောက်ပြီး ခေါ်ကြပါတယ်။

Yenin Phawah (Pop Channel)